Hotel Transylavian 2(2015)-မြန်မာစာတန်းထိုး
2012 က အောင်မြင်ကျော်ကြားလူကြိုက်များခဲ့လို့ အခုသူ့ရဲ့နောက်ဆက် 2015မှာ Part 2အနေနဲ့ထပ်ထွက်လာတဲ့ Animation ကားလေးတစ်ခုကို တင်ပေးပါရစေ။IMDb Rating 7 အထိရရှိထားပြီးတဲ့ ဒီကားလေးကို အားလုံးပဲမျှော်လင့်နေကြမှာပါ။ ဒီဇာတ်ကားလေးဟာ မကောင်းဆိုးဝါးလေးတွေနဲ့ဇာတ်လမ်းစထားခဲ့ပြီး . Draculaဘုရင်တစ်ပါးရဲ့သမီးလေးနဲ့ချစ်ကြိုက်ခဲ့တဲ့ လူသားတစ်ဦးတို့ရဲ့ အချစ်မေတ္တာနဲ့ ပေါင်းစပ်လက်တွဲမှုကို အချက်ကျကျသဘောကျဖွယ် ဖန်တီးထားပါတယ်။
Part 1 မှာ ချစ်ကြိုက်ခဲ့တဲ့ Dracula မလေး Mavis နဲ့လူသားလေး Jonathan တို့ရဲ့ လက်ထပ် မင်္ဂလာဆောင်ပွဲကနေစထားပါတယ်။ Mavis နဲ့ Jonတို့ဟာ လက်ထပ်ပြီးကာလတစ်ခုမှာ သားလေး တစ်ယောက်မွေးဖွားခဲ့ပါတယ်။
အထူးသဖြင့်ဒီဇာတ်ကားမှာတွေ့ရမှာက အဘိုးဖြစ်သူ Count Dracula ရဲ့ သူ့ မြေးလေးအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကို လှလှပပဖွဲ့နွဲ့သွားခဲ့ပြီး သူ့လိုပဲမြေးလေးကိုမှော်အတတ်တွေကျွမ်းကျင်တဲ့ Dracular လေးတစ်ဦးဖြစ်စေချင်တာကိုလည်းတွေ့ရပါမယ်။ Spoiler ဖြစ်သွားမှာစိုးလို့ ဇာတ်ကားအကြောင်းကို ဆက်လက်မပြောပြတော့ပါဘူး Movie သာဆက်လက်ကြည့်ရှုကြပါ။
ခေတ်နဲ့လျော်ညီအောင် တင်ဆက်ထားပြီး . Sony Entertainment ကထုတ်လုပ်ထားတဲ့အတွက် Sony Product များကိုပါ သုံးနှုန်းသွားတာဟာ ကြော်ငြာတဲ့ဘက်ကိုမသိသာစေဘဲ ဟာသအဖြစ်နဲ့တင်ဆက်နိုင်ခဲ့တာပါ ဒီဇာတ်လမ်းကိုရေးသားခဲ့တဲ့ Robert Smigel နဲ့ Adam Sandler တို့ရဲ့ ပြောင်မြောက်တဲ့လက်ရာတစ်ခုပါပဲ။ ဇာတ်ကားရဲ့အသံပိုင်းဆိုင်ရာQualityဟာကောင်းလွန်းတာကြောင့် ကျွန်တော် Encoded လုပ်ရာမှာမူရင်း Sound Qualityကိုမကျအောင်အထူးသတိထားပြီးလုပ်ပေးထားပါတယ်။အဲ့အတွက် Sound Box ကောင်း၂ Speaker ကောင်း၂ရှိသူများကတော့ အိမ်ခန်းထဲမှာတင်ရုပ်ရှင်ရုံမှာကြည့်နေရသဖွယ်ခံစားစေရပါမယ်။ ဒါရိုက်တာ Genndy Tartakovsky ရိုက်ကူးထားပြီးရုံတင်ပြသခဲ့ချိန်မှာလည်းအောင်မြင်တဲ့ကား
တစ်ကားဖြစ်နေပါတယ်။
အဲ့ထက်ပိုစိတ်ဝင်စားဖို့ကောင်းတာက အသံပိုင်းဆိုင်ရာသရုပ်ဆောင်များပါပဲ . ဇာတ်ညွှန်းရေးဆရာ ၂ ဦးလုံးဟာဇာတ်ညွှန်းရေးပေးရုံမကဘဲ Count Dracula နေရာမှာ Adam Sandler ကသရုပ်ဆောင်ပြီး . Jonathan နေရာမှာ Robert Smigelတို့ကသရုပ်ဆောင်ပေးထားပါတယ်။နောက်ထပ်တစ်ယောက်
ကတော့ 2012 Part 1 ထွက်တုန်းက ကျွန်တော်တို့လုံးဝသတိမထားမိခဲ့ပါဘူး။ Dracula မလေး Mavisရဲ့ နေရာကိုအသံသရုပ်ဆောင်ပေးတာဟာ မင်းသမီးချောလေး Selena Gomez ပါပဲ။ ကဲ ဒီတော့ ပရိတ်သက်ကြီးရေ . . . Animation ဇာတ်ကားကောင်းကောင်းလေးကို ထူးထူးခြားခြားရန်ကုန်မှာ တစ်နေကုန်အေးမြနေတဲ့ December 4 ရက်နေ့လေးမှာ ကော်ဖီလေးတစ်ခွက်နဲ့သာဇိမ်ကျကျကြည့်ရှုဖို့ Download သာဆွဲကြပေတော့ဗျို့ ။
(ဇာတ်လမ်းကို Nyi Thanlwin မှဘာသာပြန်ပေးထားပြီး . ဇာတ်လမ်းအညွှန်းကို San Win Maung မှ ရေးသားပေးထားပါတယ်။
Download and Watch Pcloud
Posted on Thursday, August 11, 2016 |
6:25:00 AM
With No comments
Join Me On: Facebook | Twitter | Google Plus :: Thank you for visiting ! ::
Popular Posts
-
Unfaithful မြန်မာစာတန်းထိုး 18+ ကားနာမည်ဖတ်ရုံနဲ့တင် ဇတ်အိမ်ကိုအကဲခတ်လို့ရလောက်ပါပြီ မိသားစုတစ်စု ယောက်ျားကအလုပ်များတဲ့လုပ်ငန်းရှင်တစ...
-
Perfect Partner (2011) မြန်မာစာတန်းထိုး(18+) Screen writer Joon-Suk (Kim Young-Ho) desperately needs new inspiration and prospective writer ...
-
2016 ထွက် ဂျက်ကီချန်း ကားအသစ်တင်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့ Shanghai Noon/Knights ကားတွေနဲ့ အနည်းငယ်တော့ ဆင်တူပါတယ်။ဂျက်ကီဟာ ရဲအရာရိ...
-
Synopsis of W – Two World (2016) မြန်မာစာတန်းထိုး ( Series ) ဒီဇာတ်လမ်းတွဲလေးကိုတော့ ကိုရီးယား စီးရီးတွဲအသည်းစွဲတွေတော့ မသိတဲ့လူရှိမယ်မထင်ပါ...
-
ကိုရီးယား 18++ ဇာတ်ကားတို့ရဲ့ထုံးစံအတိုင်း တင်ဆက်ထားပါတယ်။ တစ်ခြားဇာတ်ကားတွေနဲ့မတူတာက ဇာတ်လမ်းဇာတ်ကွက်ရှိတာပါ။ ရိုးသားတဲ့မင်းသမီးလေးတစ်ယောက်...
-
Forrest Gump(1994) မြန်မာစာတန်းထိုး ခံစားတတ်တဲ့ နှလုံးသားရှိသူတိုင်း ဒီရုပ်ရှင်ကိုကြိုက်ကြပါတယ်။ ကျွန်တော့်အတွက်တော့ ကြည့်ခဲ့ဖူးသမျှ ရုပ်ရှင...
-
The Secret Life of Pets(2016)(မြန်မာစာတန်းထိုး) ကျွန်တော်တို့ ခင်ဗျားတို့ အိမ်မှာ အိမ်မွေးတိရစ္ဆာန်လေးတွေကို သူတို့ချည်းပဲ ထားခဲ့ရပြီဆို သူတု...
-
ကာမဘီလူးနှင့် မာယာမယ် (သို့မဟုတ်) Lust Caution (2007) မြန်မာစာတန်းထိုး ကာမဘီလူးနှင့် မာယာမယ် (သို့မဟုတ်) Lust Caution (2007) မြန်မာစာတန်းထို...
-
The Shinning (မြန်မာစာတန်းထိုး) ( ကမ္ဘာ့ကြောက်ဖို့ အကောင်းဆုံးသရဲကား ၁၄ ကားထဲမှ top ten စာရင်းဝင်ကားတစ်ကားဖြစ်ပါတယ်။) သည်းထိတ်ရင်ဖို ၀တ္ထုလောက...
-
Gods Of Egypt (2016) မြန်မာစာတန်းထိုး အားလုံးတောင်းဆိုနေကြတဲ့ Gods Of Egypt လာပါပြီ…ဒီဇာတ်ကားလေးကတော့ ရုံတင်တာကြာပြီဖြစ်ပေမယ့် အကြည်ထွက်ဖို့...



0 comments:
Post a Comment