Cast Away မြန်မာစာတန်းထိုး
Cast Away
ကြည့်ခဲ့သမျှတွေထဲက စိတ်ထဲ စွဲနေအောင်ကျန်ရစ်ခဲ့တဲ့ကားတွေကို ပြောရမယ်ဆိုရင် Tom Hanks သရုပ်ဆောင်ထားတဲ့ Cast Away ကို ပထမဆုံး ပြောချင်ပါတယ်။ တစ်ကားလုံးမှာ ကျွန်းတစ်ကျွန်းပေါ်က ဇာတ်ကောင်တစ်ယောက်တည်း သရုပ်ဆောင်သွားတယ်။ တစ်ယောက်တည်း သရုပ်ဆောင်သွားတယ်ဆိုပေမဲ့ လုံးဝရိုးအီသွားခြင်းမရှိဘူး။
အဲ့ကားထဲမှာ မင်းသားက ပစ္စည်းတွေပို့တဲ့ ကုမ္ပဏီတစ်ခုမှာလုပ်တယ်။
သင်္ဘောနဲ့ ပစ္စည်းသွားပို့တဲ့အခါ သင်္ဘောပျက်ပြီး လူမရှိတဲ့
ကျွန်းတစ်ကျွန်းပေါ်ကို တစ်ယောက်တည်း ရောက်သွားခဲ့တယ်။သူလွတ်မြောက်ဖို့ အမျိုးမျိုး ကြိုးစားပေမဲ့ လုံးဝမရဘူး။ ၈ လလောက်ထိကြာ လာတယ်ပေါ့။ အဲဒီမှာ ဘယ်လောက်ထိ ကာရိုက်တာကိုလုပ်ပစ်လိုက်လဲဆို ခန္ဓာကိုယ်ကအစ အကုန်လုံး ပိန်ခြောက်သွားတဲ့အထိ လုပ်ချပစ်လိုက်တယ်။ နောက်ဆုံး သွေးပေသွားတဲ့ ဘောလုံးလေးကို လက်နဲ့ မျက်နှာပုံစံလေးဆွဲပြီး စကားပြောရတာ။ အရမ်းအထီးကျန်နေရတဲ့ ဘ၀ကို ပြလာတာ။ ဘာမှမရှိတဲ့ဟာကို အရှိလုပ်ပြီး ပြောနေတာ အိုက်တင်အရမ်းကိုကောင်းတယ်။ကြာလာတဲ့အခါ ငါးတွေဘာတွေကစ မီးမကင်တော့ဘဲ အစိမ်းလိုက်စားလာတာ။ ဖြစ်သလိုနေတတ်လာတာ။ အာဟာရဖြစ်ဖို့အတွက်ပဲ လုပ်တော့တာပေါ့။ နောက်ဆုံး ဒီကနေမဖြစ်ဖြစ် အောင်ထွက်မယ်ဆိုပြီး လှေတစ်စင်းနဲ့ ဇွဲမလျှော့ဘဲ ထွက်ခဲ့တာပေါ့။ နောက်ဆုံး သူပြန်ရောက်လာ တာကို ကြိုဆိုတဲ့အနေနဲ့ ပွဲလုပ်တာ။ အဲဒီမှာ ဈေးကြီးတဲ့ ပင်လယ်စာ အစားအစာတွေ ပုစွန်တွေကျွေးတာပေါ့။ ဟိုမှာသူကအစိမ်းလိုက်စားလာတာတွေဆိုတော့ သူ့အတွက် ရယ်စရာမျိုးလေး
ဇာတ်သိမ်းထားတာ။ မှတ်မှတ်ရရဇာတ်ဝင်ခန်း တွေဆိုရင် ဘောလုံးလေးနဲ့ စကားပြောတဲ့အခန်း တွေ အရမ်းကြိုက်တယ်။ ကြည့်နေရင်းနဲ့ ကိုယ်ပါ လိုက်ပြီးအထီးကျန်မှုကို ခံစားလာရတယ်။တစ်ကားလုံးအရမ်းကို perfect ပါ။ တစ်ယောက်တည်း နဲ့ တည်ဆောက်ထားတဲ့ ဇာတ်လမ်းက အရမ်းကိုဆန်းကြယ်တယ်။ ပြီးတော့ ဖျော်ဖြေရေးသက်သက် မဟုတ်ဘဲ ဇွဲရှိဖို့တွေ၊ ဘ၀မှာ မရောင့်ရဲ မတင်းတိမ်နိုင်ဘဲ စိတ်ဓာတ်ကျမနေဖို့တွေ၊ စဉ်းစားတွေးခေါ် စရာတွေ ထည့်ပေးထားတဲ့ ကားပါပဲ။(ရုပ်ရှင်အညွှန်းများကို 7daydaily မှ စာပိုဒ် တချို့နှင့် သရုပ်ဆောင်မင်းသွေး ပြောကြားထားသော
အင်တာဗျူးမှ ကောက်နုတ်တင်ပြထားသည် )
Filesize : 822 MB
Quality : BrRip720p
Format : mkv
During : 2:23:46
Subtitle : Myanmar Subtitle ( Hardsub )
Encoder : LK
Download And Watch With Pcloud Link
Posted on Saturday, August 13, 2016 |
2:38:00 AM
With No comments
Join Me On: Facebook | Twitter | Google Plus :: Thank you for visiting ! ::
Popular Posts
-
Unfaithful မြန်မာစာတန်းထိုး 18+ ကားနာမည်ဖတ်ရုံနဲ့တင် ဇတ်အိမ်ကိုအကဲခတ်လို့ရလောက်ပါပြီ မိသားစုတစ်စု ယောက်ျားကအလုပ်များတဲ့လုပ်ငန်းရှင်တစ...
-
Perfect Partner (2011) မြန်မာစာတန်းထိုး(18+) Screen writer Joon-Suk (Kim Young-Ho) desperately needs new inspiration and prospective writer ...
-
2016 ထွက် ဂျက်ကီချန်း ကားအသစ်တင်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့ Shanghai Noon/Knights ကားတွေနဲ့ အနည်းငယ်တော့ ဆင်တူပါတယ်။ဂျက်ကီဟာ ရဲအရာရိ...
-
Synopsis of W – Two World (2016) မြန်မာစာတန်းထိုး ( Series ) ဒီဇာတ်လမ်းတွဲလေးကိုတော့ ကိုရီးယား စီးရီးတွဲအသည်းစွဲတွေတော့ မသိတဲ့လူရှိမယ်မထင်ပါ...
-
ကိုရီးယား 18++ ဇာတ်ကားတို့ရဲ့ထုံးစံအတိုင်း တင်ဆက်ထားပါတယ်။ တစ်ခြားဇာတ်ကားတွေနဲ့မတူတာက ဇာတ်လမ်းဇာတ်ကွက်ရှိတာပါ။ ရိုးသားတဲ့မင်းသမီးလေးတစ်ယောက်...
-
Forrest Gump(1994) မြန်မာစာတန်းထိုး ခံစားတတ်တဲ့ နှလုံးသားရှိသူတိုင်း ဒီရုပ်ရှင်ကိုကြိုက်ကြပါတယ်။ ကျွန်တော့်အတွက်တော့ ကြည့်ခဲ့ဖူးသမျှ ရုပ်ရှင...
-
The Secret Life of Pets(2016)(မြန်မာစာတန်းထိုး) ကျွန်တော်တို့ ခင်ဗျားတို့ အိမ်မှာ အိမ်မွေးတိရစ္ဆာန်လေးတွေကို သူတို့ချည်းပဲ ထားခဲ့ရပြီဆို သူတု...
-
ကာမဘီလူးနှင့် မာယာမယ် (သို့မဟုတ်) Lust Caution (2007) မြန်မာစာတန်းထိုး ကာမဘီလူးနှင့် မာယာမယ် (သို့မဟုတ်) Lust Caution (2007) မြန်မာစာတန်းထို...
-
The Shinning (မြန်မာစာတန်းထိုး) ( ကမ္ဘာ့ကြောက်ဖို့ အကောင်းဆုံးသရဲကား ၁၄ ကားထဲမှ top ten စာရင်းဝင်ကားတစ်ကားဖြစ်ပါတယ်။) သည်းထိတ်ရင်ဖို ၀တ္ထုလောက...
-
Gods Of Egypt (2016) မြန်မာစာတန်းထိုး အားလုံးတောင်းဆိုနေကြတဲ့ Gods Of Egypt လာပါပြီ…ဒီဇာတ်ကားလေးကတော့ ရုံတင်တာကြာပြီဖြစ်ပေမယ့် အကြည်ထွက်ဖို့...



0 comments:
Post a Comment