Corpse Bride မြန်မာစာတန်းထိုး

Corpse Bride  မြန်မာစာတန်းထိုး




ဒီနေ့အတွက်မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ IMDB Rating -7.4ရရှိထားပြီး….မြူးကြွတဲ့တေးသီချင်းလေးများ…Romanceဆန်တဲ့ပြကွက်လေးများနဲ့ ….အချစ်တို့ရဲ့ ပြယုဒ်ကိုထင်ပေါ်အောင်ပြသပေးနိုင်ခဲ့တဲ့ Best Romance Horror Animation Moviesကောင်းတွေထဲကတစ်ကားဖြစ်ခဲ့တဲ့ CORPSE BRIDE ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျ…ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင်ဖြင့်….. လွန်ခဲ့တဲ့နှစ်ပေါင်း ၁၈၀၀ခန့်လောက်က Victorian villageလို့ခေါ်တဲ့ ၇ွာလေးတစ်ရွာမှာ ဆွေစဉ်မျိုးဆက်ချမ်းသာလာပြီး အထည်ကြီးပျက်ဘ၀ကိုေ၇ာက်ရှိတော့မဲ့လူကုန်ထန်မိသားစုတစ်စု….. ပိုက်ဆံရှိပေမဲ့ လူကုန်ထံအသိုင်းအ၀ိုင်းကမဟုတ်တဲ့ငါးရောင်းစားရင်း ကြီးပွားချမ်းသာလာတဲ့ ငါးကုန်သည်မိသားစုတစ်စုမှ တစ်ဦးတည်းသောသားလေး Victa… မိသားစုနှစ်ခုရဲ့လိုအပ်နေတဲ့ ကွက်လပ်ကိုယ်စီကိုဖြည့်ဖို့ရန် တစ်ယောက်ကိုတစ်ယောက် တစ်ခါမှမမြင်ဖူးကြတဲ့ VIctoria နဲ့ Victaတို့နှစ်ယောက်ကို လက်ထပ်ပေးဖို့ အစမ်းလေ့ကျင့်တဲ့အခမ်းနားလေးနဲ့ ဇာတ်လမ်းလေးကိုစတင်ခဲ့ပါတယ်…… ဒါမဲ့ မိဘတွေအတင်းပေးစားလို့ယူရမှာဖြစ်ပြီး….တစ်ခါမှမမြင်ဖူးတဲ့သူကို လက်ထပ်ချင်စိတ်မရှိတဲ့ သူတို့နှစ်ဦး တစ်ဦးကိုတစ်ဦးတွေ့ရှိသွားကြတဲ့အခါ….Victa တစ်ယောက် လက်ထပ်ပွဲRehersalမှာအယောင်ယောင်အမှားမှားဖြစ်စေခဲ့ပြီး လက်ထပ်ပွဲအစမ်းလေ့ကျင့်မှုကို သေချာလုပ်ဆောင်နိုင်မှ မဂ်လာပွဲကျင်းပရတော့မဲ့အဖြစ်ရောက်သွားခဲ့ပါတယ်…. အစမ်းလေ့ကျင့်မှုကိုသေချာလေ့ကျင့်ဖို့ တောထဲကိုပြေးထွက်သွားကာ တစ်ယောက်တည်းလေ့ကျင့်နေချိန် သူလေ့ကျင့်နေတဲ့ လက်ထပ်ခွင့်စကားကြောင့် ချစ်သူပြန်အလာကိုမျှော်နေရင်းသေဆုံးသွားတဲ့ Amali မိန်းကလေး သေရာမှနိုးထလာတဲ့ အခါ..Victaတစ်ယောက် Amaliနဲ့လက်ထပ်လိုက်ရပြီး သရဲတွေနေတဲ့နေရာသို့ ဘုမသိဘမသိပါသွားရရှာပေါတော့တယ်… တစ်ဖက်မှာလည်းချစ်သူပြန်အလာကိုမျှော်နေရှာတဲ့ Victoriaတစ်ယောက်…. Victaပြန်မလာတာနဲ့ အရန်သင့်သူ့နေရာကိုအစားထိုးပြီး…Victoriaမိသားစုရဲံ စည်းစိမ်တွေကိုလိုချင်နေတဲ့ သူကလည်းအခွင့်အရေးကို စောင့်မျှော်နေပါတယ်….. အဲ့လိုအရန်သင့်စောင့်နေတဲ့သူရဲ့ချစ်သူကတော့ Victaဘုမသိဘမသိလက်ထပ်လိုက်ရတဲ့ သေရွာက မင်းသမီးလေးAmaliပါ…. အဲ့ဒီသူဟာ Amaliကို လက်ထပ်မယ်လို့ပြောပြီး သူ့မှာပါလာတဲ့စည်းစိမ်တွေယူကာ ၀က်သစ်ချပင်ရင်းအောက်မှာစောင့်ခိုင်းခဲ့ရာကနေ အမ်မလီတစ်ယောက်သေဆုံးသွားခဲ့ရပါတယ်….. အချစ်ရဲ့စွန့်ပစ်ခြင်းကို ခံရရှာပြီး အချစ်ငတ်နေတဲ့ AmaliလေးVictaနဲ့တွေ့ရှိကာ သံယောဇဉ်နှောင်ကြိုးတွယ်ငြိသွားမှာလား……..? Victaကကော Amaliကိုပြန်ချစ်နိုင်ပါ့မလား…..ဒါမှမဟုတ် လူ့ဘ၀ကသူချစ်ခဲ့တဲ့ ချစ်သူလေးVictoriaဆီကိုပြန်လာနိုင်အောင်ကြိုးစားမှာလား….? Victoriaကကော သူ့မိဘစည်းစိမ်ချမ်းသာကိုမက်ပြီးသူ့ကိုအတင်းလက်ထပ်ချင်နေတဲ့ သူနဲ့ လက်ထပ်လိုက်ရတော့မှာလား…?စတဲ့စိတ်ဝင်စားစရာ လေးပွင့်ဆိုင်ချစ်ဇာတ်လမ်းလေးကိုတော့ ဇာတ်လမ်းလေးထဲမှာဆက်လက်ကြည့်ရှုခံစားကြည့်ရအောင်စို့လားခင်ဗျာ….File Size         : 550 MB
Quality           : Blu ray 720P
Running Time : 1hr 17 minute
Format           : Mp4
Genre             : Animation,Fantasy,Musical
Encoder         : Joker.phs

Download And watch With Pcloud Link Full HD



0 comments:

Post a Comment

Popular Posts

Blog Archive

Comments

Powered by Blogger.

Recent Posts

 
Support : Your Link | Your Link | Your Link
Copyright © 2013. Channal Myanmar - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Sinhala MP3