Synopsis of W – Two World (2016) မြန်မာစာတန်းထိုး ( Series )

Synopsis of W – Two World (2016) မြန်မာစာတန်းထိုး ( Series )


ဒီဇာတ်လမ်းတွဲလေးကိုတော့ ကိုရီးယား စီးရီးတွဲအသည်းစွဲတွေတော့ မသိတဲ့လူရှိမယ်မထင်ပါဘူးနော်
ကျွန်တော်တို့ Channel Myanmar ကလည်း ဇာတ်လမ်းတွဲ ကောင်းကောင်းတင်ဆက်ချင်တဲ့ ဆန္ဒလေးကြောင့်
ပီးခါနီးမှသာ တင်ဆက်လိုက်ရပါတယ်..တခြားကားတွေနဲ့လည်းမအားလို့ပါ 😀
ဒီဇာတ်လမ်းတွဲမှာကတော့ အဓိက သရုပ်ဆောင် ၂ယောက်အနေနဲ့ Lee Jong-Suk နဲ့ Han Hyo-Joo တို့ကပါဝင်သရုပ်ဆောင်
ထားပါတယ်..ပြသမယ့်ရက်ကတော့ ဂျူလိုင် 20 ရက်နေ့ကနေ စက်တင်ဘာ 14 ရက်နေ့အထိသာဖြစ်ပါတယ်
အခုလည်း အပိုင်း ၁၄ ထိ ပြသထားပြီးဖြစ်ပါတယ်.. ဒီလို စိတ်ဝင်စားဖွယ် ဇာတ်လမ်းလေးကိုရေးသားတင်ဆက်သူကတော့
Song Jae-Jung ပဲဖြစ်ပါတယ်ခင်ဗျာ..Song Jae-Jung ဟာဆိုရင် တခြား နာမည်ကြီးပြီးလူကြိုက်များခဲ့တဲ့ Drama တွေ ဖြစ်တဲ့
Nine: Nine Times Time Travel နဲ့ Queen In-Hyeon’s Man ( မောင့်မိဖုရား ) စတဲ့ ဇာတ်လမ်းတွဲတွေကိုလည်းရေးသားခဲ့သူ
ဖြစ်ပါတယ်..MBC ရုပ်သံလိုင်းကနေ ထုတ်လွင့်ပြီး  ဒါရိုက်တာ Jung Dae-Yoon က ရိုက်ကူးတင်ဆက်ထားပါတယ်
ဇာတ်လမ်းအကျဉ်းဟာဆိုရင်ဖြင့် ကန်ချောက ကာတွန်းကမ္ဘာ ထဲက ဇာတ်ကောင်တစ်ဦးပါ
အိုယွန်ဂျူကတော့ တကယ့်ပြင်ပ ကမ္ဘာက ဆရာဝန်မလေးတစ်ဦးပေါ့..ကန်ချောကာတွန်းက ပြင်ပ ကမ္ဘာမှာအရမ်းကိုနာမည်ကြီး
သလို ရေးဆွဲသူကတော့ အိုယွန်ဂျူရဲ့ ဖခင် အိုဆောင်မို ဖြစ်ပါတယ်..တစ်နေ့မှာ အိုယွန်ဂျူဟာမထင်မှတ်ပဲ
ကာတွန်းကမ္ဘာထဲကိုရောက်သွားပြီး ဇာတ်ဆောင်ကန်ချော ကို ကယ်တင်မိတာကနေစပြီး စိတ်ဝင်စားဖွယ်ဇာတ်လမ်းတစ်ခု
ဖြစ်ပေါ်လာရပါတယ်…

Download Episode 14 with Pcloud Link

0 comments:

Post a Comment

Popular Posts

Comments

Powered by Blogger.

Recent Posts

 
Support : Your Link | Your Link | Your Link
Copyright © 2013. Channal Myanmar - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Sinhala MP3