Piku (2015) မြန်မာစာတန်းထိုး
နားက မကောင်း၊ လုပ်ချင် ရာလုပ်တတ်တဲ့ ဖခင်နဲ့ စိတ်တို တတ်တဲ့ သမီးဖြစ်သူတို့ ကာလ ကတ္တားကို ကားနဲ့ ခရီးသွားတဲ့အခါ လိုက်ပို့ရတဲ့ ကားသမား နားပူနားဆာ ပြဿနာ ကြားထဲ ရောက်သွားရပုံကို ရိုက်ကူးထားတဲ့ အိန္ဒိယဟာသဒရာမာ ဇာတ်ကားသစ်လေး ဖော်ပြပေးလိုက်ပါတယ်။
လုပ်ချင်ရာ ဇွတ်လုပ်တဲ့ ဖခင် ဘာစကာဘာနာဂျီး (Bashkor Banerjee) နေရာက မင်းသားကြီး အမီတာဘဂျမ်း (Amitabh Bachchan)၊ စိတ်တိုတတ်တဲ့ သမီး ပီကူဘာနာဂျီး (Piku) နေရာက ဒီပီကာပါဒူကိုနီ (Deepika Padukone)၊ ကားသမား ရာနာချောက်ဟရီ(Rana) နေရာက အီရာဖန်ခန်း (Irrfan Khan) တို့က သရုပ်ဆောင် ထားကြတာဖြစ်ပြီး အသက်(၇၀)အရွယ် တစ်ယူသန် တစ်ဇွတ်ထိုး မုဆိုးဖိုကြီး ဘာစကာဘာနာဂျီးဟာ ဝမ်းချုပ်တဲ့ ပြဿနာကြုံနေရပြီး သူဒီလိုဖြစ်နေတာကြောင့် ဘေးလူတွေ အကုန်လုံးလည်း ငြိမ်ငြိမ်မနေ ရပါဘူး။ မစ္စတာဘာနာဂျီမှာ ထက်မြက်တဲ့ သမီးဖြစ်တဲ့ ဗိသုကာပညာရှင် ပီကူရှိပြီး အမြဲ အလုပ်များနေသလို စိတ်ကလည်း မရှည်ပါဘူး။ အမြဲလိုလို ကတောက်ကဆ ဖြစ်ဖြစ်နေတဲ့ သားအဖနှစ်ယောက် ကာလကတ္တားကို ခရီးထွက်ဖို့ ဖြစ်လာတဲ့အခါ ပီကူတို့ သားအဖ နှစ်ယောက်အကြောင်းကို သိတဲ့အတွက် ကားအငှား လိုက်မယ့်သူမရှိ ဖြစ်ခဲ့ပါတယ်။ အဲဒီအခါမှာ ကားအငှား လုပ်ငန်းပိုင်ရှင် ဖြစ်တဲ့ ရာနာဟာ ဘယ်လိုမှ ငြင်းဆိုမရတဲ့အဆုံး ကားလိုက်မောင်းပေးခဲ့ရပါတယ် ။ ခရီးသွားဖို့ ပြင်ဆင်တဲ့အခါမှာ ဝမ်းချုပ်တတ်တဲ့ မစ္စတာဘာနာဂျီးက အိမ်သာတက်ဖို့ ခုံကအစ သယ်ချင်တာကြောင့် သမီးဖြစ်သူ တားတဲ့ကြားက ကားခေါင်မိုးပေါ်တင်ပြီး ယူသွားခဲ့ပါတယ်။ လမ်းခရီးတစ်လျှောက်လုံး ကတောက်ကဆနဲ့ သွားကြရင်း တစ်ဦး နဲ့ တစ်ဦး နားလည်မှုတွေရပြီး မေတ္တာတရားတွေ ထပ်မံပေါက်ပွားလာပုံကို ဆက်လက်ရှုစားရမှာပါ။
ဒီဇာတ်ကားလေးမှာ ကတောက်ကဆလေးတွေကြား သားအဖမေတ္တာကို နွေးနွေးထွေးထွေး၊ ပျော်ပျော်ရွှင်ရွှင် ခံစားကြည့်ရှုရမှာမို့ ပရိသတ် ကြီးကြည့်ရှုလိုက်ပါဦး။ IMDb Rating (7.6/10) နဲ့ Rotten Tomatoes (83%) ရရှိထားပါတယ်။
(ရုပ်ရှင်အညွှန်းကို ohnphwa.com မှကူးယူဖော်ပြပါသည်။)
File size...(1GB)
Quality...Blu-ray Rip 720p
Format...mp4
Duration....02:02:57
Subtitle....Myanmar Subtitle (Hardsub)
Encoder....Nyeinsaeya Aung
Download and Watch HD 720p (pCloud Link)
Download and Watch 360p Small File Size(450MB)
Posted on Sunday, July 31, 2016 |
3:16:00 AM
With No comments
Join Me On: Facebook | Twitter | Google Plus :: Thank you for visiting ! ::
Popular Posts
-
Unfaithful မြန်မာစာတန်းထိုး 18+ ကားနာမည်ဖတ်ရုံနဲ့တင် ဇတ်အိမ်ကိုအကဲခတ်လို့ရလောက်ပါပြီ မိသားစုတစ်စု ယောက်ျားကအလုပ်များတဲ့လုပ်ငန်းရှင်တစ...
-
Synopsis of W – Two World (2016) မြန်မာစာတန်းထိုး ( Series ) ဒီဇာတ်လမ်းတွဲလေးကိုတော့ ကိုရီးယား စီးရီးတွဲအသည်းစွဲတွေတော့ မသိတဲ့လူရှိမယ်မထင်ပါ...
-
2016 ထွက် ဂျက်ကီချန်း ကားအသစ်တင်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့ Shanghai Noon/Knights ကားတွေနဲ့ အနည်းငယ်တော့ ဆင်တူပါတယ်။ဂျက်ကီဟာ ရဲအရာရိ...
-
The Shinning (မြန်မာစာတန်းထိုး) ( ကမ္ဘာ့ကြောက်ဖို့ အကောင်းဆုံးသရဲကား ၁၄ ကားထဲမှ top ten စာရင်းဝင်ကားတစ်ကားဖြစ်ပါတယ်။) သည်းထိတ်ရင်ဖို ၀တ္ထုလောက...
-
Forrest Gump(1994) မြန်မာစာတန်းထိုး ခံစားတတ်တဲ့ နှလုံးသားရှိသူတိုင်း ဒီရုပ်ရှင်ကိုကြိုက်ကြပါတယ်။ ကျွန်တော့်အတွက်တော့ ကြည့်ခဲ့ဖူးသမျှ ရုပ်ရှင...
-
The Secret Life of Pets(2016)(မြန်မာစာတန်းထိုး) ကျွန်တော်တို့ ခင်ဗျားတို့ အိမ်မှာ အိမ်မွေးတိရစ္ဆာန်လေးတွေကို သူတို့ချည်းပဲ ထားခဲ့ရပြီဆို သူတု...
-
ကာမဘီလူးနှင့် မာယာမယ် (သို့မဟုတ်) Lust Caution (2007) မြန်မာစာတန်းထိုး ကာမဘီလူးနှင့် မာယာမယ် (သို့မဟုတ်) Lust Caution (2007) မြန်မာစာတန်းထို...
-
ကိုရီးယား 18++ ဇာတ်ကားတို့ရဲ့ထုံးစံအတိုင်း တင်ဆက်ထားပါတယ်။ တစ်ခြားဇာတ်ကားတွေနဲ့မတူတာက ဇာတ်လမ်းဇာတ်ကွက်ရှိတာပါ။ ရိုးသားတဲ့မင်းသမီးလေးတစ်ယောက်...
-
The Lunch Box မြန်မာစာတန်းထိုး IMDb rating က 7.8/10 ဆိုတော့ ထွေထွေထူးထူးတော့သိပ်မညွှန်းတော့ပါဘူး။ ဘောလိဝုဒ် ပရိတ်သက်အတွက်ကတော့ လက်မလွှတ်သင့်တ...
-
Jungle Book (2016) မြန်မာစာတန်းထိုး Jungle Book ဟာ Rudyard Kipling ရဲ့ နာမည်ကျော်စာအုပ်နဲ့ 1967 ကထွက်ခဲ့တဲ့ နာမည်ကျော် Jungle Book ကာတွန်းကာ...



0 comments:
Post a Comment